လေယာဉ်ပြုပြင် ထိန်းသိမ်းရေးအတွက် လိုအပ်သည့် လေယာဉ်အပိုအစိတ်အပိုင်းများ ရယူရာတွင်ကြန့်ကြာနေမှုများကြောင့် ကင်ညာလေကြောင်းလိုင်းသည် ခရီးစဉ်များ ထိခိုက်မှုနှင့် ရင်ဆိုင်နေရကြောင်း

ရိုက်တာသတင်းဌာနကယနေ့တွင် ဖော်ပြခဲ့သည်။ လေယာဉ် အပိုအစိတ်အပိုင်းများရရှိမှု ဆက်လက်ကြန့်ကြာနေမည်ဆိုလျှင် ကင်ညာလေကြောင်းလိုင်းအနေဖြင့် ခရီးစဉ်အချို့လျှော့ချရဖွယ်ရှိကြောင်း လေကြောင်းလိုင်းတာဝန်ရှိသူများက ဇန်နဝါရီ ၉ရက်တွင် ပြောကြားထားသည်။ ကင်ညာ လေကြောင်းလိုင်း ရင်ဆိုင်နေရသည့် လေယာဉ်အပိုပစ္စည်းများရရှိရေး ကြန့်ကြာနေမှုပြဿနာသည် ယူကရိန်းစစ်ရေးပဋိပက္ခနှင့် ပတ်သက်နေကြောင်းကင်ညာလေကြောင်းလိုင်း တာဝန်ရှိသူများ၏အဆိုအရ သိရသည်။ ယူကရိန်း ပြဿနာကြောင့်နိုင်ငံတကာလေကြောင်းပျံသန်းရေးဈေးကွက်အတွက် အရေးကြီးသည့်ရုရှားပစ္စည်းများ ဈေးကွက်အတွင်းဝင်ရောက်မှု ကြန့်ကြာနေရသည်ဟုကင်ညာလေကြောင်းလိုင်း တာဝန်ရှိသူများက ပြောကြားထားကြောင်းသိရသည်။ ရုရှားနိုင်ငံ၏ တိုက်တေနီယမ်ပို့ကုန်များသည် လေကြောင်းစက်မှုလုပ်ငန်း၌ အသုံးပြုသည့် အဓိကကုန်ကြမ်းဖြစ်ပြီး လေယာဉ်များပြုပြင်ထိန်းသိမ်းရာတွင် အရေးကြီးကြောင်း သိရသည်။ကင်ညာ လေကြောင်းလိုင်းသည် အာဖရိကတိုက်၏အကြီးမားဆုံး လေကြောင်းလိုင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။