ရုရှားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ အင်အားရာခိုင်နှုန်း ၃ဝထပ်တိုးရေးအဆိုပြုချက်ကို ရုရှားသမ္မတပူတင်က ဒီဇင်ဘာ ၂၁ ရက်တွင်အတည်ပြုထောက်ခံခဲ့ကြောင်းရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ရုရှား လက်နက် ကိုင်တပ်များ၏ အင်အားထပ်တိုးရေးအဆိုကိုသမ္မတပူတင်က ဒီဇင်ဘာ ၂၁ ရက်တွင် ကျင်းပခဲ့သော ရုရှားစစ်ဘက်ထိပ်တန်းတပ်မှူးကြီးများညီလာခံ၌ထောက်ခံခဲ့ခြင်းဖြစ်သည်။ အဆိုပါညီလာခံတွင် ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးသည် လက်နက်ကိုင်တပ်များ၏အင်အားရာခိုင်နှုန်း ၃ဝ ထပ်တိုးရေး အစီအစဉ်ကို အဆိုပြုခဲ့သည်။ ယင်းအဆိုပြုချက်အရ ရုရှားလက်နက်ကိုင်တပ်များ၏အင်အားကို ၁ ဒသမ ၁၅ သန်းမှ ၁ ဒသမ၅ သန်းထိ ထပ်တိုးမည်ဖြစ်ကြောင်းသိရသည်။မိမိအနေဖြင့် ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူး တင်သွင်းခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအင်အားမြှင့်တင်ရေး အဆိုကိုသဘောတူထားကြောင်း တပ်မှူးကြီးများညီလာခံ ပိတ်ပွဲမိန့်ခွန်း၌သမ္မတပူတင်က ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းနိုင်ငံ၌ ကြုံတွေ့ခဲ့ရသောပြဿနာများကို ပြုပြင်ရန်၊ ယင်းပြဿနာများမှသင်ခန်းစာရယူရန်လိုအပ်သည်ဟု တပ်မှူးကြီးများညီလာခံ၌သမ္မတပူတင်ကတိုက်တွန်း ခဲ့ကြောင်းသိရှိရသည်။