တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ချိန် တွင် တရုတ်(တိုင်ပေ)ပြဿနာကို အကြောင်းပြု၍ တရုတ်-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာမှုကိစ္စနှင့် ကုန်သွယ်ရေးမူဝါဒ ပြဿနာများ ဆွေးနွေးရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က

စီစဉ်ထားကြောင်း အေပီသတင်း ဌာနက နိုဝင်ဘာ ၉ ရက်က ဖော်ပြခဲ့သည်။ ထို့ပြင် တရုတ်သမ္မတ ရှီကျင့် ဖျင်နှင့်တွေ့ဆုံချိန်တွင် တရုတ်- ရုရှား ဆက်ဆံရေးကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ဖော်ပြောကြား ထားသည်။လာမည့် သီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပမည့် ဂျီ-၂ဝ ထိပ်သီးညီလာခံ ကာလအတွင်း သမ္မတ ရှီကျင့်ဖျင် နှင့် သမ္မတဂျိုးဘိုင်ဒင်တို့ တွေ့ဆုံ ဆွေးနွေးနိုင်ရေးအတွက် တရုတ် တာဝန်ရှိသူများနှင့် ညှိနှိုင်းနေ ကြောင်း အမေရိကန်အစိုးရတာဝန် ရှိသူများက ပြောကြားထားသည်။နိုဝင်ဘာ ၁၅ ရက်တွင် စတင် ကျင်းပမည့် ဂျီ-၂ဝ ထိပ်သီးညီလာ ခံသို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တက်ရောက်မည် ဖြစ်သော်လည်း ခေါင်းဆောင်နှစ်ဦးကြား ထိပ်သီး ဆွေးနွေးပွဲဖြစ်မြောက်မှု ရှိ၊ မရှိကို နှစ်ဖက်တာဝန်ရှိသူများက အတည် ပြုခြင်းမရှိသေးကြောင်း သိရသည်။ ယခုနှစ် သြဂုတ်လအတွင်း အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ တရုတ်(တိုင်ပေ) သို့ ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း တရုတ် နှင့် အမေရိကန်နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာခဲ့ရသည်။