တွစ်တာလူမှုမီဒီယာ ကုမ္ပဏီအကြီးအကဲ အီလွန်မက်စ်နှင့် အခြားနိုင်ငံများကြား ဆက်ဆံရေး ကို စောင့်ကြည့်သင့်ကြောင်း အမေ ရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင် ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

သတင်းစာရှင်းလင်းပွဲတစ်ခု၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် အီလွန်မက်စ်ကို အမျိုးသားလုံခြုံရေး အတွက် ခြိမ်းခြောက်မှုတစ်ရပ် အဖြစ် ယူဆထားခြင်း ရှိ၊ မရှိဟူ သော မေးခွန်းကို သမ္မတဂျိုးဘိုင်ဒင် က ထိုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ခြင်းဖြစ်သည်။ အီလွန်မက်စ်၏ အခြားနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်မှု၊ လုပ်ငန်းသဘောအရ ဆက်ဆံမှုများကို စောင့်ကြည့်သင့်သည်ဟု မိမိယူဆထား ကြောင်း သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။ တွစ်တာကုမ္ပဏီကို ဝယ်ယူမှု အပါအဝင် အီလွန်မက်စ်၏ စီးပွားရေးလုပ်ငန်းအချို့ကို အမျိုးသားလုံခြုံရေးအရ ပြန်လည်သုံးသပ်ရန် အမေရိကန်အစိုးရက စီစဉ်နေ သည်ဟူသော သတင်းများမှာ ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ပေါ်ထွက်လာခဲ့သည်။သို့ရာတွင် အဆိုပါ သီတင်းမှာ မှန်ကန်မှုမရှိကြောင်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ငြင်းဆိုထားသည်။ ကမ္ဘာ့အချမ်းသာဆုံး လူပုဂ္ဂိုလ် ဖြစ်သည့် အီလွန်မက်စ်သည် တွစ်တာကုမ္ပဏီကို ဝယ်ယူရာတွင် ဆော်ဒီအာရေဗျ လုပ်ငန်းစုကြီးတစ်ခု၏ အကူအညီကိုရယူခဲ့သလို ရုရှားသမ္မတ ပူတင်၊ ရုရှားအစိုးရတို့ နှင့် တိုက်ရိုက်ဆက်သွယ်၍ ယူကရိန်းကိစ္စ ဆွေးနွေးဖူးသည်ဟု သတင်းထွက်ပေါ်ခဲ့သူဖြစ် ကြောင်း သိရသည်။