ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ယနေ့တွင်ကျင်းပခဲ့သောအရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ထိပ်သီးညီလာခံ၌အာဆီယံခေါင်းဆောင်များသည်အရှေ့တီမောကို ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ်

လက်ခံရေးအတွက် မူအားဖြင့် သဘောတူခဲ့ကြကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ထို့ပြင် အရှေ့တီမောနိုင်ငံကို အဆင့်မြင့်အာဆီယံဆွေးနွေးပွဲများ၌လေ့လာသူအဖြစ် တက်ရောက်ခွင့်ပေးရန် လည်းအာဆီယံခေါင်းဆောင်များက သဘောတူခဲ့ကြသည်။မိမိတို့အနေဖြင့် အရှေ့တီမောနိုင်ငံကို အာဆီယံ၏ ၁၁ နိုင်ငံမြောက်အဖွဲ့ဝင်အဖြစ် ဝင်ခွင့်ပေးရေးအတွက် မူအားဖြင့် သဘောတူခဲ့ကြကြောင်းအာဆီယံ ခေါင်းဆောင်များ၏ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ အရှေ့တီမောနိုင်ငံသည် ကုလသမဂ္ဂက ကမကထပြုကျင်းပပေးသည့် လူထုဆန္ဒခံယူပွဲရလဒ်အရ၁၉၉၉ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံမှလွတ်လပ်ရေးရယူခဲ့ သည်။ အရှေ့တီမောနိုင်ငံသစ်ကိုကုလသမဂ္ဂကလည်း ၂ဝဝ၂ ခုနှစ်တွင် လွတ်လပ်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုခဲ့သည်။သို့ရာတွင် အရှေ့တီမောသည်အာဆီယံ၌ အဖွဲ့ဝင်အဖြစ် ပါဝင်ရေးအတွက် ၂ဝ၁၁ ခုနှစ်မှ တရားဝင်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။