ပီရူးနိုင်ငံ လီမာမြို့နိုင်ငံတကာ လေဆိပ်၌ နိုဝင်ဘာ ၁၈ ရက်က ခရီးသည်တင်လေယာဉ်တစ်စီးနှင့် မီးသတ်ယာဉ်တစ်စီးတို့ ပြေးလမ်းပေါ်၌ ဝင်တိုက်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ခရီးသည်တင် လေယာဉ်နှင့် မီးသတ်ယာဉ်သည် လေယာဉ်ပြေး လမ်းပေါ်၌ဝင်တိုက်မှုကြောင့် မီးသတ် ယာဉ်ပေါ်မှမီးသတ်တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး၍တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လီမာနိုင်ငံတကာလေဆိပ် တာဝန် ရှိသူများက ပြောကြားခဲ့သည်။ ခရီးသည်တင် လေယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည်များနှင့် လေယာဉ် အမှုထမ်းများထဲတွင် သေဆုံးမှုမရှိခဲ့သော်လည်း လူဦးရေ ၂ဝဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ လန်တမ်အမည်ရှိ လေကြောင်းလိုင်းပိုင် အဲဘတ်စ်အေ-၃၂ဝ အမျိုးအစားခရီးသည်တင်လေယာဉ် သည်ပျံတက်ရေးအတွက် ပြေးလမ်းပေါ်၌အရှိန်ယူနေစဉ် မီးသတ်ယာဉ်နှင့် ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခရီးသည်တင်လေယာဉ် နှင့် မီးသတ်ယာဉ်နှစ်စင်းစလုံးသည် မောင်းနှင်နေချိန်တွင် ဝင်တိုက်ခဲ့ ခြင်းဖြစ်ပြီးယင်းမီးသတ်ယာဉ်သည် လေယာဉ်ပြေးလမ်းပေါ် အဘယ်ကြောင့်ရောက်နေသည်ကို မသိရ သေးကြောင်း ပီရူးတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် ခရီးသည် တင်လေယာဉ်ပေါ်၌ ခရီးသည် ၁ဝ၂ ဦးနှင့် လေယာဉ်အမှုထမ်းခြောက်ဦး လိုက်ပါလာကြောင်းသိရသည်။