ရုရှားရေနံပို့ကုန်များအတွက် ပေးနိုင်မည့် အမြင့်ဆုံးဈေးသတ်မှတ် မည့် အနောက်အုပ်စုနိုင်ငံများ၏ အကြံအစည်ကြောင့် ကမ္ဘာ့စွမ်းအင် ဈေးကွက်၌ ပြင်းထန်သည့် ဆိုးကျိုး များ ပေါ်ထွက်လာနိုင်ကြောင်း

ရုရှားသမ္မတ ပူတင်က နိုဝင်ဘာ ၂၄ ရက်တွင် သတိပေးခဲ့သည်။ အီရတ်ဝန်ကြီးချုပ် မိုဟန်မက်ရှီးယား အယ်လ်ဆူဒါနီနှင့် ဖုန်းခေါ် ဆိုဆွေးနွေးစဉ် ရုရှားသမ္မတ ပူတင်က ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာန က ဖော်ပြခဲ့သည်။ရုရှားရေနံများအတွက် ပေးနိုင် မည့် အမြင့်ဈေးသတ်မှတ်သည့် အနောက်အုပ်စု အစီအစဉ်သည် ဈေးကွက်ဆက်ဆံရေးစည်းမျဉ်းများနှင့် ဆန့်ကျင်နေပြီး ကမ္ဘာ့စွမ်းအင် ဈေးကွက်အတွက် ဆိုးကျိုးများဖန်တီးပေးနိုင်မည့် အလားအလာများလာကြောင်း သမ္မတပူတင်က အီရတ်ဝန်ကြီးချုပ်နှင့် ဖုန်းခေါ်ဆို ဆွေးနွေးခဲ့စဉ် ပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်က ဖုန်းခေါ် ဆိုဆွေးနွေးမှုတွင် ရုရှားသမ္မတနှင့် အီရတ်ဝန်ကြီးချုပ်တို့သည် ရေနံ တင်ပို့ရောင်းချသူများအသင်း (အို ပက်)နှင့် မဟာမိတ်များ၏မူဘောင် များဖြင့် စွမ်းအင်ကဏ္ဍပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြ ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်။ယူကရိန်းပြဿနာကိုအကြောင်းပြု၍ အနောက် အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုအမျိုးမျိုးပြဋ္ဌာန်းထားပြီး လက်ရှိတွင်လည်း အမေရိကန်နိုင်ငံနှင့် မဟာမိတ်နိုင်ငံများသည် ရုရှားရေနံ ပို့ကုန်များအတွက် နောက်ဆုံးဈေးကို လာမည့်ရက် အနည်းငယ်အတွင်း သတ်မှတ်ရန် စီစဉ်နေကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။