တောင်ကိုရီးယား ကုန်တင်ယာဉ်မောင်းများ၏ ပြည်လုံးကျွတ်သပိတ်ကြောင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဆုံးရှုံးမှုတန်ဖိုးမှာဝမ်ငွေ ၁ ဒသမ ၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၃ဘီလီယံ)ထိ ရှိကြောင်း

တောင်ကိုရီးယား စက်မှုဝန်ကြီးဌာန၏အဆိုကို ကိုးကား၍ ရိုက်တာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ကုန်တင်ယာဉ်မောင်း ၂ဝဝဝဝကျော်တို့၏ ပြည်လုံးကျွတ်သပိတ်ရှစ်ရက်မြောက် နေ့သို့ ဝင်ရောက်လာချိန် ယနေ့တွင် တောင်ကိုရီးယားနိုင်ငံရင်ဆိုင်နေရသည့် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုပြဿနာမှာ ပိုဆိုးလာခဲ့ရသည်။ကုန်စည်များသယ်ပို့နိုင်မှု မရှိခဲ့သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းနှင့် ရေနံချက်လုပ်မှု လုပ်ငန်းများမှာ ဝင်ငွေ ၁ ဒသမ ၆ ထရီလီယံနစ်နာဆုံးရှုံးခဲ့ရကြောင်း တောင်ကိုရီးယားအစိုးရ စက်မှုဝန်ကြီးဌာနက ယနေ့တွင် ခန့်မှန်းထားသည်။တောင်ကိုရီးယား အစိုးရနှင့် ကုန်တင်ယာဉ်မောင်း များ သမဂ္ဂတို့သည် နိုဝင်ဘာ ၃ဝ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း မည်သည့် သဘောတူညီချက်မျှ မရရှိသေးကြောင်း သိရသည်။တောင်ကိုရီးယား ကုန်တင်ယာဉ်မောင်းများသည် လုပ်ခလစာတိုးမြှင့်ပေးရေး၊ လုပ်ငန်းခွင်အခြေအနေတိုးတက်ကောင်းမွန်လာရေးတို့အတွက် ပြည်လုံးကျွတ်သပိတ်ဖြင့်တောင်းဆို နေကြခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် တောင်ကိုရီးယားအစိုးရသည် ကုန်တင်ယာဉ်မောင်းများ အလုပ်ခွင်ပြန်ဝင်ရေးအတွက် အမိန့်ထုတ်ပြန်ရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။