ကလေးများတွင် ဖြစ်ပွားတတ်သော အော်တစ်ဇင် (Autism)ခေါ် စိတ်ကျန်းမာရေးပြဿနာကို ဆံပင်မျှင်တစ်မျှင်တည်းသုံး၍ ဖော်ထုတ်ပေးနိုင်မည့် ရောဂါစစ်ဆေးနည်းတစ်မျိုးကို သုတေသနပညာရှင်များက ဖန်တီးထားကြောင်း

The Daily Mail သတင်းစာကဇန်နဝါရီ ၉ ရက်က ရေးသားတင်ပြထားသည်။အဆိုပါ ရောဂါစစ်ဆေးနည်းအရ ဆံချည်မျှင်နမူနာထဲရှိ ခဲနှင့်အလူမီနီယမ်ကဲ့သို့ သတ္တုဓာတ်များပါဝင်မှုအဆင့်ကိုတိုင်း တာပေးခြင်းဖြင့် အော်တစ်ဇင်ရောဂါ ရှိ၊ မရှိကိုဖော်ထုတ်ပေးနိုင် မည်ဖြစ်သည်။ အော်တစ်ဇင် ရောဂါရှိသူကလေးများ၌ ခဲနှင့်အလူမီနီယမ်ကဲ့သို့သော သတ္တုဓာတ်များ ကိုယ်တွင်းစုစည်းပါဝင်နေမှု မြင့်မားနေတတ်ကြောင်း အမေရိကန်နိုင်ငံအခြေစိုက် လင်းနက်စ်ဘိုင်အိုဇီဝနည်းပညာကုမ္ပဏီမှ သုတေသနပညာရှင်များက ပြောကြားသည်။အောတ် စဇ် ငေ် ရာဂါကိုသာမန်အားဖြင့် ကလေး လေးနှစ် အရွယ်ရောက်မှသာ ဖော်ထုတ်တွေ့ရှိရတတ်ပြီး တွေ့ရှိချိန်တွင် ဦးနှောက်အပြောင်းအလဲများ စတင်ဖြစ်ပွားနေပြီဖြစ်ရာ မိမိတို့အနေဖြင့် အော်တစ်ဇင်ရောဂါကို စောနိုင်သမျှစောစော ဖော်ထုတ်နိုင်ရန် လိုကြောင်း၊ လင်းနက်စ်ဘိုင်အိုဇီဝနည်းပညာကုမ္ပဏီကဖန်တီးထားသည့် အော်တစ်ဇင်ရောဂါစစ်ဆေးနည်းတွင် ရောဂါဖြစ်စဉ်များကို ၈၁ရာခိုင်နှုန်းထိ တိကျစွာဖော်ထုတ်ပေးနိုင်ကြောင်း သိရသည်။