အမျိုးသား ပန်းသေ၊ ပန်းညှိုးရောဂါ ပျောက်ဆေးဖြစ်သည့်ဗိုင်ရာဂရာ (Viagra) ဆေးသည်သုံးစွဲသူ အမျိုးသားများ၌ နှလုံးရောဂါများဖြစ်နိုင်ခြေကို ၃၉ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်းသုတေသန ပညာရှင်များ၏

အဆိုကို ကိုးကား၍ The Daily Mail သတင်းစာက ဇန်နဝါရီ ၂၁ ရက်က ရေးသား တင်ပြထားသည်။ ထို့ပြင် ဗိုင်ရာဂရာဆေးသုံးစွဲသူအမျိုးသားများသည် မသုံးစွဲသူများနှင့်နှိုင်းယှဉ်ပါက ရောဂါဘယတစ်မျိုးမျိုးကြောင့် သေချိန်မတန်ဘဲ သေဆုံးရနိုင်ခြေ ပိုနည်းပါးဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တောင်ပိုင်းတက္ကသိုလ်မှ သုတေသန ပညာရှင်များကပြောကြားသည်။ အမေရိကန် သုတေသနပညာရှင်များသည် ပန်းသေ၊ ပန်းညှိုးပြဿနာရှိခဲ့ဖူးသော ပျမ်းမျှအသက်၅၂ နှစ်အရွယ်ရှိသူ အမျိုးသားဦးရေ ၇ဝဝဝဝ တို့၏ ကျန်းမာရေးမှတ်တမ်းများကို လေ့လာခဲ့ကြသည်။ လေ့လာမှုမှ ထွက်ပေါ်လာသည့်ရလဒ်များအရ ဗိုင်ရာဂရာဆေးသုံးစွဲသူ အမျိုးသားများတွင် နှလုံး ပြဿနာများ ပေါ်လာ နိုင်ခြေ၄ဝ ရာ ခိုင်နှုန်းခန့်ကျဆင်း နေတတ်ကြောင်း ၊အလား တူဗိုင်ရာဂရာဆေးသုံးစွဲသူများသည် မသုံးစွဲသူများနှင့်နှိုင်းယှဉ်ပါက နှလုံးခုန်ရုတ်တရက်ရပ်နိုင်ခြေ ၁၇ ရာခိုင်နှုန်းပိုနည်းပါးကြောင်း အမေရိကန် သုတေသနပညာရှင်များက ပြောကြားသည်။ ဗိုင်ရာဂရာဆေး သုံးစွဲသူများတွင် သွေးဖိအား ကျဆင်း သွားတတ်ရာ ကိုယ်တွင်းသွေးစီးဆင်းမှုကိုအထောက်အကူပြုပြီး နှလုံးပြဿနာများကို ဖန်တီးနိုင်သည့် သွေးကြော ပိတ်ဆို့မှုများလည်း ကျဆင်းသွားတတ်ကြောင်း သုတေသနပညာရှင်များ၏ အဆိုအရ သိရသည်။