အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ် ဝိန်းအမျိုးသားသစ်တောဥယျာဉ်အနီးတွင် နိုဝင်ဘာ ၆ ရက်က တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၉ ရက်တွင် ဝိန်းအမျိုးသားသစ်တောဥယျာဉ်အတွင်းသို့

ကူးစက်လောင်ကျွမ်းခဲ့ရာတောမီးလောင်ကျွမ်းမှု ထိန်းချုပ်နိုင်ရေးအတွက် အိုဟိုင်းယိုးပြည်နယ် အာဏာပိုင်အဖွဲ့အစည်းက မီးသတ်တပ်ဖွဲ့ဝင်များကို ထပ်မံစေလွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်ဟု CBS News သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ တောမီးလောင်ကျွမ်းမှုကြောင့်ဝိန်းအမျိုးသားသစ်တော ဥယျာဉ်အတွင်း သစ်တောမြေဧက ၁၃ဝဝထိ ပျက်စီးသွားပြီဖြစ်ကြောင်း၊ လူနေအိမ်များဆီသို့ တောမီးကူးစက်မှုမရှိရေး မီးတားလမ်းများဖောက်လုပ်ထားပြီး ဝိန်းအမျိုးသားသစ်တောဥယျာဉ်အတွင်း လောင်ကျွမ်းနေသည့်တောမီးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် အဓိကအာရုံစိုက်နေကြောင်း အိုဟိုင်းယိုးပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ အခုတစ်ပတ် အစောပိုင်းမှာလောင်ကျွမ်းခဲ့တဲ့ တောမီးဟာ ဝိန်းအမျိုးသားသစ်တောဥယျာဉ်အတွင်းကို ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ တောမီးလောင် ကျွမ်းမှုကြောင့် ၀ိန်းအမျိုးသားသစ်တောဥယျာဉ်အတွင်းမှာ ဧက ၁၃ဝဝ လောက်ထိပျက်စီးနေပြီဖြစ်ပါတယ်။ လောရင့်ကောင်တီဆီ တောမီးကူးစက်တာမရှိအောင် မီးတားလမ်းတွေကိုလဲပြုလုပ်ပေးထားပြီးဖြစ်ပါ တယ်။လိုအပ်လာရင်တော့ လေကြောင်းအကူအညီရယူသွားမှာဖြစ်ပါတယ်ဟု အိုဟိုင်းယိုးပြည်နယ် မီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တောမီးလောင်ကျွမ်းမှုဖြစ်ပွားနေသောဧရိယာ သည် လောရင့်ကောင်တီနှင့် နီးကပ်နေသည့်အတွက် လောရင့်ကောင်တီအာဏာပိုင်အဖွဲ့အစည်းက တောမီးကူးစက်လောင်ကျွမ်းမှုမရှိအောင်ကြိုတင်ပြင်ဆင်ထားကြောင်း ထုတ်ပြန်ခဲ့သည်။