တရုတ်နိုင်ငံ၏ တီယန်ကောင်း အာကာသစခန်းယာဉ်ပေါ်မှ ရှန်ကျိုး-၁၄ အာကာသယာဉ်မှူးများ သည် နိုဝင်ဘာ ၁၃ ရက်က တီယန်ကျိုး-၅ အာကာသကုန်တင်ယာဉ် အတွင်းသို့ ဝင်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၁၃ ရက်က

ရေးသား တင်ပြထားသည်။ ရှန်ကျိုး-၁၄ အာကာသယာဉ် မှူးများသည် တီယန်ကျိုး-၅ အာ ကာသကုန်တင်ယာဉ်၏ လေလုံ ပေါက်ဖွင့်ပြီးပြီးချင်း ၄င်းအာကာသ ကုန်တင်ယာဉ်အတွင်းဝင်ရောက်ခဲ့ ပြီး ကုန်ပစ္စည်းများရွှေ့ပြောင်း နေရာချမှုနှင့် အခြားဆက်စပ်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြ ကြောင်း တရုတ်အမျိုးသား အာကာသအေဂျင်စီက သတင်း ထုတ်ပြန်ထားသည်။ တရုတ်နိုင်ငံသည် တီယန်ကျိုး- ၅ အာကာသ ကုန်တင်ယာဉ်ကို နိုဝင်ဘာ ၁၂ ရက်က လောင်း မတ်ခ်ျ-၇ ဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။လွှတ်တင်ပြီး နှစ်နာရီခန့် အကြာမှာပင် တီယန်ကျိုး-၅ အာ ကာသကုန်တင်ယာဉ်သည် တီယန် ကောင်းအာကာသစခန်း၏ တီယန် ဟီပင်မကိုယ်ထည်၌ ဆိုက်ကပ်နိုင် ခဲ့ကြောင်း သိရသည်။တီယန်ကျိုးအာကာသကုန်တင် ယဉ်စနစ်သည် တီယန်ကောင်း အာကာသစခန်း စီမံကိန်း၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံသည် လာမည့်အနာဂတ်၌တီယန်ကောင်း အာကာ သစခန်းသို့ တီယန်ကျိုးအာကာသ ကုန်တင်ယာဉ်များကို ခြောက်လတစ်ကြိမ် လွှတ်တင်ရန်စီစဉ်ထား ကြောင်း သိရသည်။