နည်းပြတန်ဟတ်လက်အောက် တွင် နောက်ဆုံးကစားခဲ့သည့် ပြိုင်ပွဲစုံခုနစ်ပွဲဆက်တွင် ရှုံးပွဲ မရှိ ခဲ့သည့် မန်ယူအသင်းအနေဖြင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား တွင် ချန်ပီယံဆုကို စိန်ခေါ်ရန် ဖိအားပေးလာ သောကြောင့်စိုးရိမ်မိ ကြောင်း

မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာက ထုတ်ဖော်ပြောကြားခဲ့ ကြောင်း Fotmob.com က ယနေ့ တွင် ဖော်ပြခဲ့သည်။မန်ယူအသင်းသည် ရာသီအစ တွင် ရလဒ်ပိုင်းဆိုးရွားခဲ့သော်လည်း မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ရှုံးပွဲမရှိခဲ့ဘဲ ပုံစံကောင်း ပြန်လည်ပြသ နိုင်ခဲ့သောကြောင့် အမှတ်ပေးဇယားထိပ်တွင် ရပ်တည် နေသည့် အာဆင်နယ်အသင်းနှင့် ရမှတ် ရှစ်မှတ်သာကွာဟနေပြီး မန်စီးတီးအသင်းနှင့်လည်း ရမှတ် ခြောက်သာကွာဟသဖြင့် ပရီးမီး ယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင် ရန် အခွင့်အရေးရှိနေသောကြောင့် နည်းပြဂွါဒီယိုလာက စိုးရိမ်နေကြောင်း ပြောကြားခဲ့သည်။ မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာက ယူနိုက်တက် ပြန်လာပြီ လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ အသင်းကစားခဲ့တဲ့ ချဲလ်ဆီး၊ စပါး၊ ရှရစ်အသင်းတို့ပွဲစဉ်က ကစားပုံကို ကြည့်ရင်သိနိုင်ပါတယ်။ ပရီးမီးယား လိဂ်အမှတ်ပေးဇယားကို စိန်ခေါ် နိုင်တဲ့ အသင်းအများကြီးရှိပါတယ်။ လက်ရှိမှာ နယူးကာဆယ်၊ စပါး အသင်းတို့ကလဲ မန်စီးတီးနဲ့ ကပ်လျက် ဖိအားပေးနေတာပါ။ ဒါပေမဲ့ ရာသီအစ ၁ဝ ပွဲစလုံး အနိုင်မရတဲ့ အသင်းက ချန်ပီယံဆု ရရှိဖို့ မဖြစ်နိုင်ပေမဲ့ ယူနိုက်တက်က အခုချိန်မှာ ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်ခဲ့တာဟာ စိုးရိမ် စရာပါ ဟု ဆက်လက်ပြောကြား ခဲ့သည်။မန်ယူအသင်းသည် ပရီးမီးယား လိဂ် ၁၁ ပွဲ ကစားအပြီးတွင် ခြောက်ပွဲနိုင်၊ နှစ်ပွဲသရေ၊ သုံးပွဲ ရှုံးရလဒ်ဖြင့် ရမှတ် ၂ဝ ရရှိကာ အဆင့်(၆) တွင် ရပ်တည်နေသော် လည်း အဆင့်(၁) မှ အာဆင်နယ် အသင်းနှင့်ရမှတ်ရှစ်မှတ်သာ ကွာဟ လျက်ရှိပြီး လာမည့်အောက်တိုဘာ ၃ဝ ရက်တွင် ကစားရမည့် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်ကို အနိုင်ရခဲ့ပါက အဆင့် (၃) နေရာ သို့ပါ ရောက်ရှိ လာနိုင်ကြောင်း သိရသည်။