တိုက်စစ်မှူး လူကာကူသည် ပြီးခဲ့သည့် အောက်တိုဘာ ၃ဝ ရက် က ကစားခဲ့သည့် ဆမ့်ဒိုးရီးယား အသင်းနှင့်ပွဲစဉ်တွင် လူစားဝင် ကစားခဲ့ပြီးနောက် ဒဏ်ရာထပ်မံ ရရှိခဲ့သဖြင့် လာမည့်ပွဲစဉ်များ ကို လွဲချော်မည်ဖြစ်သော်လည်း ဘယ်လ်ဂျီယံအသင်းနှင့် ကစားရ မည့်ကမ္ဘာ့ဖလားပြိုင်ပွဲကို

ပါဝင်နိုင် မည်ဖြစ်ကြောင်း နည်းပြအင်ဇာဂီက ပြောကြားခဲ့သည်ဟု Fotmob.com က ယနေ့တွင် ဖော်ပြခဲ့သည်။လူကာကူသည် နွေရာသီ အပြောင်းအရွှေ့ကာလက ချဲလ်ဆီး အသင်းမှ ပြောင်းရွှေ့ခဲ့ပြီးနောက် ပိုင်း ဒူးကောက်ကြောဒဏ်ရာ ကြောင့် ပြိုင်ပွဲစုံ ၁၂ ပွဲခန့်လွဲချော် ခဲ့ရပြီး ဒဏ်ရာမှပြန်လည်သက်သာ လာချိန်တွင် အောက်တိုဘာ ၂၆ ရက်က ကစားခဲ့သည့် ပလာဇန် အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် လူစားဝင်ကစားခဲ့ကာ သွင်းဂိုး တစ်ဂိုး သွင်းယူနိုင်ခဲ့သည့်အပြင် ဆမ့်ဒိုးရီးယားအသင်းကိုသုံးဂိုးပြတ် အနိုင်ရသည့်ပွဲစဉ်တွင်လည်း လူစား ဝင်ကစား၍ ခြေစွမ်းပြသနိုင်ခဲ့သော် လည်း ယခုအခါဒဏ်ရာ ထပ်မံရရှိခဲ့ သောကြောင့် ကမ္ဘာ့ဖလားမတိုင်မီ ပွဲစဉ်များကို လွဲချော်မည်ဖြစ် ကြောင်း သိရသည်။နည်းပြအင်ဇာဂီက လူကာကူ အနေနဲ့ ပြီးခဲ့တဲ့ စနေက ကစားခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပါသေး တယ်။ အဲ့ဒီနောက်မှာ ယခင် ဒဏ်ရာဟောင်းက ပြန်လည် နာကျင်မှုရှိလာတာကြောင့် လာမဲ့ ပွဲစဉ်တွေကို လွဲချော်မှာပါ။ သူ့ ဒဏ်ရာက ရက်သတ္တပတ်လောက် အနားယူလိုက်ရင် ကောင်းမွန်သွား မှာပါ။ အသင်းအနေနဲ့တော့ ကမ္ဘာ့ ဖလားမတိုင်မီ ကစားရမဲ့ ပွဲစဉ်မှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါ တယ်။ သေချာတာကတော့ နိုင်ငံ အသင်းအတွက် ကစားရမဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲအမီတော့ ပြန်လည် ပါဝင်နိုင်မှာပါ ဟု ပြောကြားခဲ့ ကြောင်း သိရသည်။