အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားအတွက် ကြိုတင်စုဖွဲ့မှု ပြုလုပ်လိုသောကြောင့် ပရီးမီးယားလိဂ်မှ ကစား သမားများအား ကမ္ဘာ့ဖလားမတိုင်မီ ကျင်းပမည့် အမှတ်ပေးပွဲစဉ်မတိုင်မီ စေလွှတ်ပေးရန် တောင်းဆိုမှုပြုလုပ် ခဲ့ရာ

ပရီးမီးယားလိဂ်ကလပ်အသင်း များက ငြင်းဆိုခဲ့ကြောင်း ဒေးလီး မေးလ်သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။လက်ရှိ ပရီးမီးယားလိဂ်တွင် အာဂျင်တီးနား ကစားသမားများ ဖြစ်သည့် မန်ယူအသင်းမှ ခံစစ်ကစား သမားမာတီနက်ဇ်နှင့် ဂါနာချို၊ အေဗီလာအသင်းမှ ဂိုးသမားမာတီ နက်ဇ်နှင့် ဘူအန်ဒီယာ၊ စပါး အသင်းမှ ရိုမီယိုနှင့် ဘရိုက်တန် အသင်းမှ အယ်လစ်စတာတို့ မှာ အာဂျင်တီးနား အသင်းတွင် ရွေးချယ်ခံထားရသောကြောင့် ၄င်းတို့ကို လာမည့် နိုဝင်ဘာ ၁၂ ၊၁၃ တွင် ကျင်းပမည့် ပရီးမီးယား လိဂ်အမှတ်ပေးပြိုင်ပွဲမတိုင်မီ စေလွှတ်ပေးရန် အာဂျင်တီးနားဘောလုံး အဖွဲ့ချုပ်က တောင်းဆိုခဲ့ရာ ငြင်းပယ် ခံရခြင်းဖြစ်ကြောင်း သိရသည်။ အာဂျင်တီးနား အသင်းသည် လာမည့် နိုဝင်ဘာ ၁၂၊ ၁၃ မတိုင်မီ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မည့်အသင်း လူစာရင်းကို အတည်ပြုထုတ်ပြန်၍ နိုဝင်ဘာ ၁၆ ရက်တွင် ယူအေအီး အသင်းနှင့် ချစ်ကြည်ရေးခြေစမ်းပွဲ ကစားရန် စီစဉ်ထားသောကြောင့် နိုဝင်ဘာ ၁၂၊ ၁၃ တွင် ကျင်းပမည့် ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) မတိုင်မီ အာဂျင်တီးနား ကစားသမားများကို စောစီးစွာစေလွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။ထို့ပြင် အာဂျင်တီးနားဘောလုံး အဖွဲ့ချုပ်သည် စပိန်လာလီဂါတွင် ကစားနေသည့် ကစားသမားများ ကိုလည်း နိုဝင်ဘာ ၈ ရက်၊ ၉ ရက် တွင်ကျင်းပမည့် အမှတ်ပေးပွဲမတိုင်မီ စေလွှတ်ပေးရန် ထပ်မံတောင်းဆို ထားကြောင်း သိရသည်။