ပြီးခဲ့သည့်ရက်ပိုင်းက အတ္တလန်တာအသင်းမှ မန်ယူအသင်းသို့ပြောင်းရွှေ့ကစားခဲ့သည့် တိုက်စစ်မှူး ဟိုက်လန်းသည် အသေးစားဒဏ်ရာပြဿနာကြောင့်

ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ကစားမည့် ဝုဗ်အသင်းနှင့်ပွဲစဉ်ကို လွဲချော်သွားမည်ဖြစ်ကြောင်း မန်ချက်စတာညနေခင်းသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ ဟိုက်လန်းသည် လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင်အတ္တလန်တာအသင်းမှ မန်ယူ အသင်းသို့ မြင့်မားသည့်ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် စတာလင်ပေါင် ၇၂ သန်းဖြင့် ငါးနှစ်စာချုပ်အပြင် တစ်နှစ်သက်တမ်းတိုးခွင့်ပါရှိသည့်အချက်ဖြင့် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရာသီကြိုပွဲစဉ်အဖြစ်ကစားခဲ့သည့် လန်းအသင်းနှင့်ပွဲစဉ်တွင် ပရိသတ်များနှင့်မိတ်ဆက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟိုက်လန်းသည် အတ္တလန်တာအသင်းတွင် ကစားစဉ်ကတည်းကအသေးစားဒဏ်ရာ ရရှိနေသည့်အတွက် ရက်အနားငယ် အနားယူပြီးကြံ့ခိုင်မှု ပြန်လည်ပြည့်ဝအောင်ကြိုးစားရမည် ဖြစ်သည့်အတွက်သြဂုတ် ၁၅ ရက်တွင် ကစားမည့်ဝုဗ်အသင်းနှင့် မန်ယူအသင်းတို့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ပြီး သြဂုတ်၁၉ ရက်တွင်ကစားမည့် မန်ယူအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်မှသာ ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေသည်။ မန်ယူအသင်းက ဟိုက်လန်းကို အသင်းပရိသတ်များနှင့် တရားဝင်မိတ်ဆက်ပေးခဲ့သော်လည်း လက်ရှိအချိန်ထိ ၄င်းဝတ်ဆင်ကစားမည့် ကျောနံပါတ်ကို အတည်ပြုထားခြင်းမရှိသေးဘဲ ပရီးမီးယားလိဂ်ပြိုင်ပွဲမတိုင်မီ မာရှယ်ကိုရောင်းချပြီးမှသာ ကျောနံပါတ်(၉)ကိုဝတ်ဆင်ကစားစေမည်ဖြစ်ကြောင်းသိရသည်။