အာဆင်နယ်အသင်းသည် ဝုဗ်အသင်းနှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲတွင်နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရခဲ့ပြီးတိုက်စစ်မှူးဆာကာက

အသင်းအတွက် သွင်းဂိုး ၁ဝဝ ပြည့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းအနေဖြင့်ယခုနှစ် ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းသွင်းဂိုး ၁ဝဝ ပြည့်မြောက်ခဲ့သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ယခုနှစ်အတွင်း သွင်းဂိုး ၁ဝဝပြည့်မြောက်ခဲ့ပြီး သွင်းဂိုးအများဆုံးအသင်းအဖြစ် မန်စီးတီးအသင်းကစုစုပေါင်း သွင်းဂိုး ၁၃၇ ဂိုးဖြင့်ထိပ်ဆုံးတွင် ရပ်တည်နေပြီး၎င်းနောက်တွင် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက သွင်းဂိုး ၁၁၉ ဂိုးဖြင့် ဒုတိယ၊ဂျာမနီကလပ်အသင်းများဖြစ်သည့် ဘိုင်ယန်မြူးနစ်အသင်းက သွင်းဂိုး ၁၁၁ ဂိုးဖြင့် တတိယ၊လေဗာကူဆင်အသင်းက သွင်းဂိုး၁၁ဝ ဖြင့် စတုတÄနေရာတွင်ရပ်တည်နေကာ ယခုပွဲစဉ်တွင် အာဆင်နယ်အသင်းက ဝုဗ်အသင်းကို သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ဥရောပထိပ်သီးကလပ် ငါးခုတွင် သွင်းဂိုး၁ဝဝ ပြည့်မြောက်ခဲ့သည့် ပဉ္စမမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ဝုဗ်အသင်းကိုပွဲစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ရာပွဲချိန် ခြောက်မိနစ်တွင် ဆာကာနှင့်ပွဲချိန် ၁၃ မိနစ်တွင် အိုဒီကတ်တို့၏သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့ပြီးပွဲကစားချိန် ၈၆ မိနစ်တွင် ဝုဗ်အသင်း၏ တိုက်စစ်မြှင့်ကစားခဲ့မှုကြောင့် ချေပဂိုးတစ်ဂိုးခွင့်ပြုပေးခဲ့ရသဖြင့် နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရခဲ့ပြီး တိုက်စစ်ပိုင်းအနေဖြင့် ပရီးမီးယားလိဂ် ၁၄ ပွဲအပြီးတွင် သွင်းဂိုး၂၉ ဂိုးထိ သွင်းယူနိုင်ခဲ့ကြောင်းသိရသည်။