စပါးအသင်းနည်းပြ ပိုစတီကိုဂလူက လီဗာပူးအသင်းသို့ပြောင်းရွှေ့ရန်စဉ်းစားမည်မဟုတ်ဘဲ စပါးအသင်းအတွက်သာ အပြည့်အဝအာရုံစိုက်ထားသည်ဟု

ပြောကြားခဲ့ကြောင်း သိရသည်။ လီဗာပူးအသင်းသည် ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာမည့် နည်းပြကလော့ပ်၏နေရာတွင် အစားထိုးရန်အတွက်နည်းပြသစ်တစ်ဦးကို လက်ရှိအချိန်ကတည်းက ရှာဖွေမှုများပြုလုပ်နေပြီး ပစ်မှတ်ထားနေသည့်နည်းပြစာရင်းတွင် ပိုစတီကိုဂလူလည်းပါဝင်လျက်ရှိနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။ အသက် ၅၈ နှစ်ရှိ နည်းပြပိုစတီကိုဂလူသည် ယခုနှစ်ဘောလုံးရာသီတွင် ရိန်းဂျားအသင်းမှ စပါးအသင်းနည်းပြအဖြစ် ၂ဝ၂၇ ခုနှစ်ထိ စာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရပြီး အသင်းကို ရလဒ်ကောင်းများရရှိအောင်စွမ်းဆောင်ထားနိုင်ခဲ့သည့်အတွက်လီဗာပူးအသင်းက နည်းပြသစ်ခန့်အပ်မည့်စာရင်းတွင် ပိုစတီကိုဂလူကိုပါ ထည့်သွင်းထားခြင်းဖြစ်သည်။ နည်းပြ ပိုစတီကိုဂလူကကျွန်တော် လီဗာပူးအသင်းနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေအတွက် ပြောစရာစကားမရှိပါဘူး။ ကျွန်တော် လီဗာပူးအသင်းကိုပြောင်းရွှေ့ဖို့ စိတ်ကူးတောင်မရှိပါဘူး။ လက်ရှိ ကျွန်တော်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့သတင်းတွေကအခြေအမြစ်မရှိပါဘူး။ ကျွန်တော်စပါးအသင်းအတွက်ပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။