ပေါ်တိုအသင်းက ပြောင်းရွှေ့ကြေး ယူရို ၇၅ သန်းသတ်မှတ်ထား သည့် ဂိုးသမားကော်စတာကိုမန်ယူ အသင်းက လာမည့်နှစ်ဘောလုံး ရာသီတွင် ခေါ်ယူနိုင်ရန် ပြင်ဆင် လျက်ရှိနေဟု Goal.com က

ယနေ့တွင် ဖော်ပြခဲ့သည်။ မန်ယူအသင်းသည် ယခုနှစ် ဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုရန် မသေချာသဖြင့် ၄င်း၏နေရာတွင် အစားထိုး နိုင်ရန်အတွက် ယခုနှစ်ဘောလုံး ရာသီ ပေါ်တိုအသင်းတွင် လက်စွမ်း ပြသနေသည့် ဂိုးသမားကော်စတာကို ကာလရှည်စာချုပ်ဖြင့်ခေါ်ယူနိုင် ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။နည်းပြတန်ဟတ်က ဂိုးသမား ဒီဂီယာနေရာတွင် ရေရှည်အသုံးပြု နိုင်ရန်အတွက် ဘရိုက်တန်အသင်း ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို ခေါ်ယူရန် ဆွေးနွေးမှုပြုလုပ်ခဲ့သော် လည်း တိုးတက်မှုမရှိသဖြင့် ပေါ်တို အသင်း ဂိုးသမားကော်စတာကိုသာ ခေါ်ယူရန် ဆွေးနွေးမှုများ ထပ်မံ ပြုလုပ်နေကာ ပေါ်တိုအသင်းက သတ်မှတ်ထားသည့် ပြောင်းရွှေ့ ကြေး ယူရို ၇၅ သန်းကိုပေးချေရန် ဆုံးဖြတ်ထားသည်။ အသက် ၂၃ နှစ်ရှိ ဂိုးသမား ကော်စတာသည် ပေါ်တိုအသင်း လူငယ်အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ၂ဝ၁၆ ခုနှစ်က အသင်း နှင့် ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ၂ဝ၁၉ ခုနှစ်က အသင်းကြီးတွင် စတင်ပါဝင်ခွင့်ရရှိ ခဲ့သူဖြစ်ကာ ယခုနှစ်ဘောလုံးရာသီတွင် ဦးစားပေးဂိုးသမား အဖြစ်ပါဝင်ခဲ့ရာ ပြိုင်ပွဲစုံ ၁၉ ပွဲတွင် ကိုးပွဲထိ Clean Sheet ရရှိအောင်စွမ်းဆောင် နိုင်ခဲ့သောကြောင့် ဥရောပထိပ်သီး ကလပ်များ၏ စိတ်ဝင်စားမှုကိုခံခဲ့ ရကြောင်းသိရသည်။