ပရီးမီးယားလိဂ် အမှတ်ပေး ဇယားကို ဦးဆောင်နေသည့် အာဆင်နယ်အသင်းသည် အသင်း တိုက်စစ်ပိုင်းကို မြှင့်တင်ရန်အတွက် တူးလော့အသင်း ကွင်းလယ်ကစား သမားချာအီဘီကိုခေါ်ယူရန် ပြင်ဆင်နေကြောင်း FootMercato.net က

ယနေ့တွင် ဖော်ပြခဲ့သည်။ မာရက်ဇ်လက်သစ်ဟု တင်စားခံထားရသည့် အသက် ၁၉ နှစ်ရှိ ကွင်းလယ်ကစားသမားသည် ယခု နှစ်ဘောလုံးရာသီ ပြင်သစ်လီဂူး ပြိုင်ပွဲတွင် ပထမဆုံးပွဲထွက်ခွင့် ရရှိခဲ့သော်လည်း ၁၃ ပွဲပါဝင်ခဲ့ရာသွင်း ဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှု လေးကြိမ်ထိ ခြေစွမ်းပြနိုင်ခဲ့သဖြင့် လူငယ် ကစားသမားများဖြင့် အသင်း၏ ကစားကွက်ပိုင်းကိုပုံဖော်နေသည့် နည်းပြအာတီတာက ၄င်းကို ခေါ် ယူရန် ကြိုးပမ်းနေကြောင်း သိရသည်။ လူငယ်ကစားသမား ချာအီဘီသည် အသင်းနှင့် ၂ဝ၂၅ ခုနှစ်မှ စာချုပ် သက်တမ်း ကုန်ဆုံးမည်ဖြစ် သော်လည်း တူးလော့အသင်းက မြင့်မားသည့် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်း လာပါက ရောင်းချသွားမည်ဖြစ်ပြီး လက်ရှိတွင်အာဆင်နယ် အသင်းအနေဖြင့် ချာအီဘီကို ခေါ်ယူရန် စိတ်ဝင်စားနေသည့် စပိန်ကလပ် ဆီဗီလာအသင်းနှင့် အပြိုင်ကြိုးပမ်းရမည်ဖြစ်သည်။ အာဆင်နယ်အသင်း သည် ယခု နှစ်ဘောလုံးရာသီတွင် ပုံစံကောင်း များပြသ၍ အမှတ်ပေးဇယားကို ဦးဆောင်နေသော်လည်း ပရီးမီးယား လိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ရန်အတွက် အသင်းမှ လူငယ်ကစား သမားများဖြစ်သည့် ဆာကာ၊ မာတင်နယ်လီတို့ကို သက်တမ်းတိုး ရန် ကြိုးပမ်းနေသည့်အပြင် ချာအီ ဘီအပါအဝင် ရှက်တာဒိုးနက်ကွင်း လယ်ကစားသမား မက်ဒရိုင်းနှင့် ဂျူဗင်တပ် ကွင်းလယ်ကစားသမား ရာဘီယို့စ်တို့ကိုလည်း ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။