၂ဝ၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်လျက်ရှိသည့် ကင်မရွန်းအသင်းက အသင်းမှ အဓိက ဂိုးသမားတစ်ဦး ဖြစ်သည့် အိုနာနာကို အသင်းကစားသမားစာရင်းမှ ထုတ်ပယ်ခဲ့သည်ဟု အတည်ပြုကြေညာခဲ့ကြောင်း

ဒေးလီးမေးလ် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အသက် ၂၆ နှစ်ရှိ အိုနာနာသည် ကမ္ဘာ့ဖလားပြိုင်ပွဲ တွင် ကင်မရွန်းအသင်း၌ အဓိကပွဲထွက်ဂိုးသမား အဖြစ်ပါဝင်လာခဲ့သော်လည်း နည်းပြ ရီဂိုဘက်ဆောင်း ဦးဆောင်သည့် နည်းပြအဖွဲ့ဝင်များနှင့် နည်းစနစ် ပိုင်းနှင့်ပတ်သက်၍ ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။အိုနာနာသည် နိုဝင်ဘာ ၂၄ ရက် က ကစားခဲ့သည့် ၂ဝ၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်ဖြစ်သည့် ဆွစ်ဇာလန်အသင်းကို တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် ပွဲထွက်ဂိုးသမား အဖြစ်ပါဝင်ခွင့်ရရှိခဲ့သော်လည်း ယနေ့ညနေပိုင်းက ကစားခဲ့သည့် ဆားဘီးယားအသင်း နှင့် သုံးဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့သည့်ပွဲစဉ်မတိုင်မီ အသင်းနည်းပြ ရီဂိုဘက်ဆောင်းနှင့် နည်းစနစ်ပိုင်းနှင့်ပတ်သက်ပြီး အငြင်းခုန်ဖြစ်ကြ ရာမှစတင်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်သည်ထိ အချင်းများခဲ့သည့်အတွက် အသင်းကစားသမား စာရင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ကင်မရွန်းနိုင်ငံဘောလုံးအဖွဲ့ချုပ် ကလည်း အသင်းနည်းပြ ရီဂိုဘက် ဆောင်းနှင့် အချင်းများခဲ့သည့်အတွက် ဂိုးသမား အိုနာနာကို ပြစ်ဒဏ်ပေးသည့် အနေဖြင့် အသင်းကစားသမားစာရင်းမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု အတည်ပြုကြေညာ ခဲ့ပြီးနောက် ဂိုးသမား အိုနာနာက လည်း ကင်မရွန်းအသင်း ကစားသမားဘဝမှ အပြီးတိုင်အနားယူရန်အတွက် ပြင်ဆင်လျက်ရှိ နေသည်။ အိုနာနာကိုသည် ကင်မရွန်း အသင်းနှင့်အတူ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ်က စတင်ပါဝင်ကစားခဲ့သူဖြစ် ပြီး ဆွစ်ဇာလန်အသင်းနှင့်ကစားခဲ့သည့်ပွဲစဉ်ထိ နိုင်ငံတကာပွဲပေါင်း ၂၆ ပွဲပါဝင်ကစားခဲ့သူဖြစ်ကြောင်း သိရသည်။