ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးကွက်၌ အရောင်းအဝယ် ပုံမှန်အခြေအနေသာရှိပြီးကမ္ဘာ့ရွှေဈေးကွက် တွင် ဈေးနှုန်း အတက်ဘက်သို့ရောက်ရှိခဲ့ကြောင်းမန္တလေး ရွှေဈေးကွက်အတွင်းမှသိရသည်။

ကမ္ဘာ့ရွှေဈေး ကွက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၂ဝ ဖြင့် ဈေးတန်းဖွင့်ခဲ့ပြီး၁၉၃၆ ဒေါ်လာထိ အမြင့်ဆုံးတက်ခဲ့ကြောင်း၊ ထို့နောက်တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉ဝ၈ဒေါ်လာထိ အနိမ့်ဆုံး ကျဆင်း၍၁၉၂၆ ဒေါ်လာဖြင့် ဈေးတန်းပိတ်ခဲ့ကြောင်း သိရသည်။ ဈေးကွက်က အခုချိန်ထိငြိမ်နေတယ်။ အရောင်းအဝယ်လဲပုံမှန်အနေအထားမှာပဲရှိနေတယ်။ လက်ရှိအခြေအနေတွေအရတော့အကျဘက်ထက် အတက်ဘက်ကိုရောက်နိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်ဟု မန္တလေးမြို့မှ ရွှေကုန်သည် ဦးရဲမင်းက ပြောပြသည်။ ဇန်နဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၂ဝ၊ ပြည်တွင်းအခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၂၅၉ဝဝဝဝ၊၁၅ ပဲရည်တစ်ကျပ်သားလျှင် ငွေကျပ် ၂၅၁၈ဝဝဝ၊ ငွေလဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁ဝဝရှိကြောင်း သိရသည်။ ဇန်နဝါရီ ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၂၆ ဒေါ်လာ၊ပြည်တွင်းအခေါက်ရွှေ ၁၆ ပဲရည်တစ်ကျပ်သားလျှင် ငွေကျပ်၂၆၂ဝဝဝဝ၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၂၅၁၈ဝဝဝ၊ငွေလဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင်ငွေကျပ် ၂၁ဝဝ ရှိခဲ့ကြောင်းသိရသည်။ ယနေ့တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၁၉၂၅ ဒေါ်လာ၊ ပြည်တွင်းအခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ငွေကျပ် ၂၅၂၈ဝဝဝ၊၁၅ ပဲရည် တစ်ကျပ်သားလျှင်ငွေကျပ်၂၅၁ဝဝဝဝ၊ ငွေလဲလှယ်နှုန်းမှာ အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ငွေကျပ် ၂၁ဝဝရှိကြောင်း သိရသည်။