ဧရာဝတီတိုင်းဒေသကြီးမှ ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်မြို့သို့ယခုနှစ် ဧပြီလအတွင်း ၂၄ ပြည်ဝင်အိတ်ရေ ၂၉၅၅ဝဝ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပုသိမ်မြို့ဆန်နှင့်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ချိုချိုလွင်က ပြောပြ၍ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်ရှင်များသည် ဒေသထွက်စပါးများကိုဝယ်ယူကြိတ်ခွဲကာ ရန်ကုန်မြို့သို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်းက ဆန်နှင့်ဆန်ကွဲ ၂၄ ပြည်ဝင် အိတ်ရေ စုစုပေါင်း ၁၈ဝဝဝဝ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃ဝရက်ထိ ဆန်နှင့်ဆန်ကွဲတစ်တင်းခွဲအိတ်ရေ ၂၉၅၅ဝဝ ထိ တင်ပို့ ရောင်းချခဲ့ရကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးကနေလစဉ် ရန်ကုန်ကို ဆန်နဲ့ဆန်ကွဲတွေတင်ပို့ရောင်းချနေပါတယ်။ ဒီလို တင်ပို့ရောင်းချနေရာမှာ အခုနှစ်ဧပြီလအတွင်း ဆန်နဲ့ဆန်ကွဲ၂၄ ပြည်ဝင် အိတ်ရေ ၂၉၅၅ဝဝ ထိ တင်ပို့ရောင်း ချထားရပါတယ။် ဆန်နဲ့ဆန်ကွဲတွေအရောင်းအဝယ်သွက်လာပေမဲ့ ဈေးကတော့ သိသိသာသာ တက်လာတာမျိုး မရှိသေးပါဘူး။လက်ရှိ ပုသိမ်ကနေ ရန်ကုန်မြို့ကို ဆန်နဲ့ဆန်ကွဲအိတ်တွေကို ကုန်တင်ကားတွေနဲ့ အများဆုံးတင်ပို့ရောင်းချနေပါတယ်။ အခုလိုဆန်နဲ့ဆန်ကွဲတွေအရောင်းအဝယ်ကောင်းလာ တာကြောင့် ကုန်တင်ကုန်ချလုပ်သားတွေ၊ ကုန်သည်တွေ၊ တောင်သူတွေ အဆင်ပြေလာတာတွေ့ရပါတယ်။ ဆန်နဲ့ဆန်ကွဲကို ၂၄ ပြည်ဝင် အိတ်တွေပဲအများဆုံး တင်ပို့ရောင်းချနေပါတယ်ဟုပုသိမ်မြို့ ဆန်နှင့်စပါးရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ချိုချိုလွင်က ပြောပြသည်။ယခုနှစ် ဧပြီ ၁ ရက်မှ ယနေ့ထိ ဖျာပုံပေါ်ဆန်းမွှေးတစ်အိတ်လျှင် ငွေကျပ် ၇၉ဝဝဝ၊ ဧည့်မထတစ်အိတ်လျှင် ငွေကျပ် ၅၈ဝဝဝ၊ရက် ၉ဝ တစ်အိတ်လျှင် ငွေကျပ်၆ဝဝဝဝ၊ မနောသုခတစ်အိတ်လျှင်ငွေကျပ် ၅၅၅ဝဝ၊ သီးထပ်ရင်တစ်အိတ်လျှင် ငွေကျပ် ၅၆ဝဝဝ၊ထိုင်းဘေးကျားတစ်အိတ်လျှင် ငွေကျပ် ၅၇ဝဝဝ၊ နှံကားတစ်အိတ်လျှင်ငွေကျပ် ၆၁၅ဝဝ၊ ဧရာမင်းတစ်အိတ်လျှင် ငွေကျပ် ၆၆ဝဝဝ၊ ဆင်းသုခတစ်အိတ်လျှင် ငွေကျပ် ၆၃၅ဝဝ၊ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင်ငွေကျပ် ၆၃ဝဝဝ၊ ကျားပျံတစ်အိတ်လျှင် ငွေကျပ် ၇၅ဝဝဝ၊ ဆန်ကွဲတစ်အိတ်လျှင် ငွေကျပ် ၃၅၅ဝဝဈေးရှိကြောင်း သိရသည်။