ခါ့ ခ်ျရေလက်ကြားအနီး၌ရုရှားရေနံတင် သင်္ဘောတစ်စီးကိုမောင်းသူမဲ့ရေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ယူကရိန်းကိုအပြစ်ပေးမည်ဖြစ်ကြောင်း

ရုရှားအစိုးရက သြဂုတ် ၅ ရက်တွင်ပြောကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများအပြည့်တပ်ဆင်ထားသည့် ယူကရိန်းမောင်းသူမဲ့ ရေယာဉ်တစ်စီး၏တိုက်ခိုက်မှုကြောင့် သြဂုတ် ၅ ရက်တွင် ခါ့ခ်ျရေလက်ကြားဒေသ၌ရုရှားရေနံတင် သင်္ဘောတစ်စီးပျက်စီးခဲ့ရကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို အကြမ်းဖက်ဝါဒတိုက်ခိုက်မှုအဖြစ် ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရော့ဗ်ကဝေဖန်ခဲ့သည်။ ထို့ပြင် အဆိုပါတိုက်ခိုက်မှု အတွက်ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းကိုအပြစ်ပေးမည်ဖြစ်ကြောင်းမာရီယာဇာခါရော့ဗ်က ပြောကြားခဲ့သည်။ ပင်လယ်နက်ဒေသရှိ ရုရှားသင်္ဘောများ တိုက်ခိုက်ခံရမှုကိုတုံ့ပြန်သည့်အနေဖြင့် ယူကရိန်းဆိပ်ကမ်းများကို တိုက်ခိုက်မည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်းမက်ဗီဒက်ဗ်က သတိပေးထားသည်။ လက်ရှိအချိန်တွင်လည်း ရုရှားနိုင်ငံသည် ယူကရိန်းဆိပ်ကမ်းနယ်မြေများကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။