ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလက ရီးရဲလ်မက်ဒရစ်အသင်းမှ ဆီဗီလာအသင်းသို့အလွတ်ပြောင်းရွှေ့ ကြေးဖြင့် ရောက်ရှိခဲ့သည့် ကွင်းလယ်ကစားသမားအစ္စကိုအနေဖြင့် အသင်းနှင့်နှစ်ဖက်သဘောတူစာချုပ် ဖျက်သိမ်းခဲ့ကြောင်း

ဆီဗီလာအသင်းကထုတ်ပြန်ခဲ့သည်ဟု ESPNသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အစ္စကိုသည် ဆီဗီလာအသင်းနှင့် လာမည့်၂ဝ၂၄ ခုနှစ်မှ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း အသင်းနှင့်အတူ ပြိုင်ပွဲစုံ၁၉ ပွဲပါဝင်ကစားခဲ့ရာတွင် သွင်းဂိုးတစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး နည်းပြသစ် ဆမ်ပါအိုလီလက်ထက်တွင်ပုံမှန်ပွဲကစားခွင့် နည်းပါးလာသောကြောင့် အသင်းမှ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ကာ နှစ်ဖက်သဘောတူစာချုပ်ဖျက်သိမ်းခဲ့သည်။ဆီဗီလာအသင်း ဘုတ်အဖွဲ့ကဒီနေ့မှာအသင်းအနေနဲ့ ကွင်းလယ်ကစားသမား အစ္စကိုနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲလိုက်ပါတယ်။ကစားသမားအနေနဲ့ အသင်းနဲ့လေးလတာ လက်တွဲခဲ့ပြီးချိန်မှာအသင်းက ထွက်ခွာဖို့တောင်းဆိုခဲ့တာကြောင့် စာချုပ် ဖျက်သိမ်းလိုက်တာပါ။ အဓိက အချက်ကတော့သူ့အနေနဲ့ နည်းပြဆမ်ပါအိုလီဦးဆောင်ချိန်မှာ ပွဲကစားချိန်နည်းခဲ့တာကြောင့်လို့ ထင်ပါတယ်။သူ့အနေနဲ့ လာမဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝမှာ အောင်မြင်မှုရပါစေလို့ ဆုတောင်းပေးပါတယ် ဟု ပြောကြားခဲ့ကြောင်းသိရသည်။ဆီဗီလာအသင်းသည် ယခုနှစ်ဘောလုံးရာသီ အမှတ်ပေးပြိုင်ပွဲတွင် နှစ်ပွဲသာ အနိုင်ရခဲ့ပြီး ငါးပွဲသရေ၊ ခုနစ်ပွဲရှုံး ရလဒ်ကြောင့်ရမှတ် ၁၁ မှတ်ဖြင့် အဆင့်(၁၈) သို့ရောက်ရှိနေကြောင်း သိရသည်။