စပါးအသင်းက လက်ရှိဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလမပြီးဆုံးမီ ရိုးမားအသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ကွင်းလယ်ကစားသမား ဇန်နီအိုလိုကို အငှားစာချုပ်ဖြင့်

ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဒေးလီးမေးလ်သတင်းဌာနက ယနေ့တွင်ဖော်ပြခဲ့သည်။ ယခုနှစ် ဘောလုံးရာသီတွင်ရလဒ်ပိုင်း မတည်ငြိမ်မှုများနှင့်ရုန်းကန်နေရသည့်အတွက် စပါးအသင်း နည်းပြကွန်တီက လက်ရှိဇန်နဝါရီကစားသမား အပြောင်း အရွေ့ကာလမပြီးဆုံးမီ လိုအပ်ချက်များရှိနေသည့် အသင်း ကွင်းလယ်ပိုင်းအတွက် ကစားသမားအင်အားဖြည့်တင်းလိုနေခြင်း ဖြစ်ကြောင်းသိရသည်။ အသက်၂၃ နှစ်ရှိ ဇန်နီအိုလိုသည် လက်ရှိ နည်းပြ မော်ရင်ဟိုလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်မရရှိဘဲ ရုန်းကန်နေရပြီး ပွဲစဉ်အများစုကို လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရရှိနေသောကြောင့် အစောပိုင်းကတည်း ကပရီးမီးယားလိဂ်ကလပ် အသင်းတစ်သင်းကို ပြောင်းရွှေ့ကစားရန်ပြင်ဆင်နေကာ ရိုးမားအသင်းကလည်း ၄င်းကို အသင်းမှထွက်ခွာခွင့်ပြုထားခြင်းဖြစ်သည်။ စပါးအသင်းက ဇန်နီအိုလိုကို အငှားစာချုပ်ပြည့်မြောက်ပါက အပြီးသတ်ဝယ်ယူခွင့်ဖြင့်ကမ်းလှမ်းထားသော်လည်း ရိုးမားအသင်းက ၄င်းကို အပြီးသတ်သာရောင်းချလိုနေပြီး ပြောင်းရွှေ့ကြေးကိုလည်း ယူရို ၃၅ သန်းမှ သန်း၎ဝ ထိ အလိုရှိနေခြင်းဖြစ်သည့်အတွက် စပါးအသင်းနှင့် ရိုးမားအသင်းမှ တာဝန်ရှိသူများအကြားဆက်လက် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။