ဧရာဝတီတိုင်းဒေသကြီးမှ ဆန်နှင့်ဆန်ကွဲများကို ရန်ကုန်မြို့သို့ယခုနှစ် ဧပြီလအတွင်း ၂၄ ပြည်ဝင်အိတ်ရေ ၂၉၅၅ဝဝ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပုသိမ်မြို့ဆန်နှင့်စပါးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင် ဒေါ်ချိုချိုလွင်က ပြောပြ၍ သိရသည်။

မန္တလေး ရွှေကြက်ယက်ဆိပ်ကမ်းမှ ရန်ကုန်နှင့် အခြားမြို့များသို့ ဘိလပ်မြေသီးသန့်တင်ပို့သည့် သင်္ဘောအစီးရေ တိုးလာကြောင်းမန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။

ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးကွက်၌ အရောင်းအဝယ် ပုံမှန်အခြေအနေသာရှိပြီးကမ္ဘာ့ရွှေဈေးကွက် တွင် ဈေးနှုန်း အတက်ဘက်သို့ရောက်ရှိခဲ့ကြောင်းမန္တလေး ရွှေဈေးကွက်အတွင်းမှသိရသည်။

မန္တလေး ချော်ဆိပ်ကမ်းတွင်ကုန်စည်ရရှိမှု များပြားလာ၍ကုန်တင်၊ကုန်ချလုပ်သား ဦးရေ၄ဝဝ ကျော်ထိ ရှိလာကြောင်းမန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမောင်က ပြောပြ၍ သိရသည်။